သမိန်ဘရမ်းကို အားနာပါသည် --------------*-*-*-------------- သန်းပေါင်းခြောက်ထောင်ကျော်တန် ဖေ့ဘုတ်တင်းမ်​​​ကြီးက... မြန်မာ့ တပ်မတော် Page နှင့် တပ်​ချုပ်ကြီး၏ facebook Page အပါအဝင် အမျိုးသားရေး Acc.များကို ပိတ်သိမ်းသည့်အရေးတွင် ဝမ်းသာနေကြသည့် မြန်မာလူမျိုးများကို​တွေ့မြင်ရသောအခါ... ကျနော်သည် ရာဇဝင်ထဲက မွန်သူရဲကောင်း သမိန်ဘရမ်းကို လွန်စွာအားနာမိပါသည်၊၊ သက္ကရာဇ် ၇၇၆ ခုနှစ် အင်းဝဘုရင်မင်းခေါင်လက်ထက် တရုတ်တို့ ကျူးကျော်လာသောအခါ အင်းဝတွင် မြန်မာသူရဲကောင်းများ မရှိ၊ မင်းရဲကျော်စွာဖမ်းဆီးခံရသော မွန်သူရဲကောင်း (ပထမ) သမိန်ဘရမ်းသာ သံခြေချင်းနှင့်ရှိလေ၏၊၊ စီးချင်းထိုးရန် တရုတ်တို့ စိမ်ခေါ်သည်တွင် သမိန်ဘရမ်းကို "တိုက်နိုင်မည်လော.." ဟု ဘုရင်မင်းခေါင်က မေးသောအခါ... "အရှင်မင်းကြီး... မွန်နှင့် မြန်မာသည် တမြေတည်းနေ တစ်ရေတည်းသောက်သော သွေးချင်းများ ဖြစ်သည်၊ ယခုစစ်ပြုလာသော တရုတ်တို့သည်ကား ဘာသာမတူ လူမျိုးခြား တိုင်းတပါးသားများ ဖြစ်သည်၊ ငါတို့မွန်ရန်သူ ဖြစ်သော မြန်မာတို့ကို တရုတ်တို့  ကျူးကျော်သည်တွင်.. မွန်တို့သည် ငါနှင့်မဆိုင်ဟူ၍​နေခဲ့သော် နောင်အခါ တရုတ်တို့သည် မွန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်မည် မလွဲ..." ဟု လျှောက်တင်၍ တရုတ်သူရဲကောင်းဂါမဏိ ကို ရင်ဆိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်၊၊ အမြော်အမြင်နှင့် ပြည့်စုံ၍ လွန်စွာမှ သတ္တိဗျတ္တိနှင့် ပြည့်စုံသော လွန်စွာ ချီးမွမ်း​ထိုက်သော " မွန်သူရဲကောင်း သမိန်ဘရမ်း" ပါပေ၊၊ "ကျွန်ုပ်ထိုး၍ ကျလျှင် ခေါင်းကိုဖြတ်ယူပါမည် ချိတ်စရာချွန်းနှင့် ထည့်စရာခြင်း ပေးတော်မူပါ..." ဟူ၍ လျှောက်တင်ပြီးနောက် တရုတ်သူရဲကောင်းကို အနိုင်တိုက်၍ ခေါင်းဖြတ်ပြီးလျှင် ချိတ်ဖြင့်ထိုးယူ၍ ခြင်းတောင်းတွင် ထည့်ယူလာသည်ဟူ၏၊၊ ယနေ့ ကျနော်တို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အမည်ခံများနှင့် "ငါနှင့်မတူ..ငါ့ရန်သူ"ဟု သဘောထားသေးသိမ်လွန်းသော ဒီမိုကရက်တစ်သမားများကို မြင်ရလျှင် သမိန်ဘရမ်း အံ့သြနေမည်လားမသိ၊၊ သွေးခွဲရန် လွယ်ကူလွန်းသော ကျနော်တို့ မြန်မာများသည် တကယ့်ရန်သူအစစ်ကို မမြင်ကြပဲ အနီ အစိမ်း သွေးကွဲလွန်းကြသည်ကို မြင်ရသည်ကား စိတ်ပျက်ဖွယ်ဖြစ်သည်၊ မြန်မာ့အနာဂတ်အရေး မတွေးဝံ့စရာ ဖြစ်သည်၊၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိကပါးရိကပါး လုပ်နေသည့် အနောက်တိုင်းမီဒီယာများနှင့် အနောက်တိုင်းသားတို့ကို ဒီမိုကရေစီ အမည်ခံ အစိုးရနှင့် နောက်လိုက်နောက်ပါများက မိတ်ဆွေအစစ်ဟု သတ်မှတ်နေသည်၊၊ အမျိုးသားရေးသမားများနှင့် တပ်မတော်ကို ရန်သူထင်နေကြသည်၊၊ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို အရှက်မရှိ အကြိမ်ကြိမ် အော်ခဲ့သော ဒီမိုကရေစီအစိုးရကြီးက ဖေ့ဘုတ်တမ်းကို သန်းပေါင်းခြောက်ထောင်ကျော်လာဘ်ထိုး၍ မိမိနှင့်အမြင်မတူသည့်သူ ဟူသမျှကို ရန်သူဟု သတ်မှတ်နေသည်၊၊ အစိုးရနှင့် အမြင်မတူသော အကောင့်ပေါင်းများစွာ ပိတ်ခံရသည်က လက်တွေ့ ဖြစ်သည်၊၊ မဘသ ကို ရန်ရှာသည် အမျိုးသားရေးကို ပိတ်ပင်သည်၊၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဓမ္မစကူးများနှင့် မဟော်သဓာကို ရန်ရှာသည်၊၊ အာရဗီ တက္ကသိုလ်များကို ကိုယ်တိုင် ဖွင့်လှစ်ပေးသည်သာမက မျိုးစောင့်ဥပဒေကို ပိတ်သိမ်းရန် ကြိုးပမ်းသည်၊ ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းသည်။ မည်သူ့ ကောင်းစားရေး အတွက် အလုပ်လုပ်နေသည်ကို ရှင်းလင်းစွာမြင်နေရသည်၊၊ ပြည်သူများအနေဖြင့် မျက်လုံး နှစ်လုံးစလုံးကို ဖွင့်ထားဖို့သာ လိုပါသည်၊၊ ယခု တပ်မတော်ကို ရန်ရှာနေချေပြီ့  ဇူကာဘတ်နှင့် ဖေ့စ်​ဘုတ်အဖွဲ့က အစိုးရ pin point ပေးသော အကောင့်များနှင့် Pageများကိုသာ ပိတ်သိမ်းသည်ဟု သတင်းထုတ်ပြန်သည်၊၊ အရှက်တရားကင်းမဲ့သော ဒီမိုကရေစီအစိုးရ မိမိတို့ အစိုးရနှင့် မဆိုင်၊ ဖေ့ဘုတ်အဖွဲ့က ပိတ်သည်ဟု ဗြောင်လိမ်ဗြောင်စားလုပ်သည်၊၊ ပြည်သူ ဘဏ္ဍာငွေ သန်းပေါင်းခြောက်ထောင်ကျော်ကို နှမြောလေစွ၊၊ မြန်မာ့ အရေးကို ဝင်ရောက်စွက်ဖက်သည့် တိုင်းတပါးသားများ၏ လုပ်ရပ်များကို ဒီမိုရောင်များက အားပေးနေသည် ဝမ်းသာအားရ ဖြစ်နေကြသည်။ မြန်မာ့ တပ်မတော်ကို ICC / OIC / နှင့် UN လိုအဖွဲ့ များက အရေးယူမည်ဆိုသော သတင်းကို ဝမ်းသာနေကြသော ဒီမိုရောင် အနီကြောင်များကို မြင်တွေ ရသောအခါ .... ကျနော်... သမိန်ဘရမ်းကို အားနာပါသည်၊၊ မင်း​မော်​ Credit မူရင်း